ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်-မန္တလေး၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို (၈-၃-၂၀၂၅)ရက်နေ့တွင်

မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ သူနာပြုတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာခင်ဝင်းစိန်၊

ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယပါမောက္ခချုပ်များ၊

ပါမောက္ခဌာနမှူးများ၊ ဘွဲ့ရမောင်မယ်များ တက်ရောက်ကြသည်။ အစီအစဉ်အရ သူနာပြုတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်က သူနာပြုသစ္စာအဓိဋ္ဌာန် (၈)ချက်ကို

တိုင်ပေးပြီး သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ အထူးပြုသူနာပြုဒီပလိုမာဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု

ပညာရေးအဖွဲ့က ကြေညာခြင်း ခံကြရသူများအား ဘွဲ့များ အပ်နှင်းကြသည်။ သူနာပြုတက္ကသိုလ်-မန္တလေး၏ အကြိမ်(၂၀) မြောက်၊ (၂၁)ကြိမ်နှင့် (၂၂)ကြိမ်မြောက်

ဘွဲ့နှင်းသဘင် အခမ်းအနားတွင် သူနာပြုပါရဂူဘွဲ့(၂)ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့(၁၀)ဦး၊ အထူးပြုသူနာပြု ဒီပလိုမာ(၁၁)ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၁၂၆)ဦး၊ (၂၁)ကြိမ်မြောက်

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သူနာပြု မဟာသိပ္ပံဘွဲ့(၁၄)ဦး၊ အထူးပြုသူနာပြုဒီပလိုမာ(၃၄)ဦး၊ သူနာပြုသိပ္ပံဘွဲ့(၁၇၇)ဦး နှင့် (၂၂)ကြိမ်မြောက်

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သူနာပြုမဟာသိပ္ပံဘွဲ့(၁၃)ဦး၊ အထူးပြုသူနာပြု ဒီပလိုမာ(၁၄)ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၆၉)ဦး အဝေးရောက်ဘွဲ့ယူသူ သူနာပြုပါရဂူဘွဲ့ (၁)ဦး၊

သူနာပြုမဟာသိပ္ပံဘွဲ့(၄)ဦး၊ အထူးပြုသူနာပြုဒီပလိုမာ(၁၃)ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၄၀)ဦး အပါအဝင် စုစုပေါင်း (၅၂၇)ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်ပေးအပ်ပြီး၊

ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းသည်။

https://www.moi.gov.mm/

More Articles ...

  1. (၂၇)ကြိမ်မြောက် ပထမနှစ်၊ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်) (၁၁/၂၀၂၄) ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားမှတ်တမ်းဓါတ်ပုံများ
  2. (၂၇)ကြိမ်မြောက် ပထမနှစ်၊ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်) (၁၁/၂၀၂၄) ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားမှတ်တမ်းဓါတ်ပုံများ
  3. (၂၆)ကြိမ်မြောက် ဒုတိယနှစ်၊ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)(၁/၂၀၂၅) ကျောင်းသား/သူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းပေးအပ်ပွဲအခမ်းအနား မှတ်တမ်းဓါတ်ပုံများ
  4. 2025 Happy New Year မှတ်တမ်းဓါတ်ပုံများ
  5. (၁၁/၂၀၂၄)ပညာသင်နှစ်တွင်ဖွင့်လှစ်သည့် ပထမနှစ်သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်)သင်တန်းမှ ကျောင်းသား/သူများအားမောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားမှတ်တမ်းဓါပုံများ
  6. သစ်လွင်သူနာပြုရာထူးခန့်အပ်သည့်ဌာနဆိုင်ရာအမိန့်စာများပေးအပ်ပွဲအခမ်းအနား မှတ်တမ်းဓါတ်ပုံများ
  7. Merry Christmas and Happy New Year မှတ်တမ်းဓါတ်ပုံများ
  8. ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှတ်တမ်းဓါတ်ပုံများ
  9. (၂၆)ကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားမှတ်တမ်းဓါတ်ပုံများ
  10. ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း
  11. သူနာပြုတက္ကသိုလ်-မန္တလေး၊ စတုတ္ထနှစ်၊ သူနာပြုသိပ္ပံ(ပုံမှန်)သင်တန်းသူတစ်ဦးမှ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တက်ရောက်ဲခ့သည့်မှတ်တမ်းဓါတ်ပုံများ
  12. (၂၄.၉.၂၀၂၄)ရက်နေ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်သူနာပြုတက္ကသိုလ်-မန္တလေးတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းမှတ်တမ်းဓါတ်ပုံများ
  13. (၂၆)ကြိမ်မြောက်ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဒွါဒဿမအကြိမ်အသံမစဲမဟာပဌာန်းပူဇော်ပွဲအခမ်းအနား မှတ်တမ်းဓါတ်ပုံများ
  14. ရာသီတုပ်ကွေးကာကွယ်ဆေးထိုးသည့်မှတ်တမ်းဓါတ်ပုံများ
  15. အသည်းရောင်အသားအဝါ(ဘီပိုး)ရောဂါကာကွယ်ဆေးထိုးမှတ်တမ်းဓါတ်ပုံများ
  16. (၂၅.၇.၂၀၂၄)ရက်နေ့ တင်ဒါကိစ္စရပ်များ ဆောင်ရွက်သည့်မှတ်တမ်း
  17. (၁၂.၇.၂၀၂၄) ရက်နေ့တွင်ပြုလုပ်ခဲ့သော အကြီးအကဲနှင့်ဝန်ထမ်းများတွေ့ဆုံပွဲမှတ်တမ်းဓါတ်ပုံများ
  18. Server Training မှတ်တမ်းဓါတ်ပုံများ
  19. (၁၂.၅.၂၀၂၄) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့အခမ်းအနား မှတ်တမ်းဓါတ်ပုံများ
  20. ၂၀၂၄ခုနှစ် မြန်မာနှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့တွင် ပြုလုပ်ခဲ့သော နှစ်သစ်အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း မှတ်တမ်းဓါတ်ပုံများ