ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်-မန္တလေး၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို (၈-၃-၂၀၂၅)ရက်နေ့တွင်

မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ သူနာပြုတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာခင်ဝင်းစိန်၊

ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယပါမောက္ခချုပ်များ၊

ပါမောက္ခဌာနမှူးများ၊ ဘွဲ့ရမောင်မယ်များ တက်ရောက်ကြသည်။ အစီအစဉ်အရ သူနာပြုတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်က သူနာပြုသစ္စာအဓိဋ္ဌာန် (၈)ချက်ကို

တိုင်ပေးပြီး သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ အထူးပြုသူနာပြုဒီပလိုမာဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု

ပညာရေးအဖွဲ့က ကြေညာခြင်း ခံကြရသူများအား ဘွဲ့များ အပ်နှင်းကြသည်။ သူနာပြုတက္ကသိုလ်-မန္တလေး၏ အကြိမ်(၂၀) မြောက်၊ (၂၁)ကြိမ်နှင့် (၂၂)ကြိမ်မြောက်

ဘွဲ့နှင်းသဘင် အခမ်းအနားတွင် သူနာပြုပါရဂူဘွဲ့(၂)ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့(၁၀)ဦး၊ အထူးပြုသူနာပြု ဒီပလိုမာ(၁၁)ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၁၂၆)ဦး၊ (၂၁)ကြိမ်မြောက်

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သူနာပြု မဟာသိပ္ပံဘွဲ့(၁၄)ဦး၊ အထူးပြုသူနာပြုဒီပလိုမာ(၃၄)ဦး၊ သူနာပြုသိပ္ပံဘွဲ့(၁၇၇)ဦး နှင့် (၂၂)ကြိမ်မြောက်

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သူနာပြုမဟာသိပ္ပံဘွဲ့(၁၃)ဦး၊ အထူးပြုသူနာပြု ဒီပလိုမာ(၁၄)ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၆၉)ဦး အဝေးရောက်ဘွဲ့ယူသူ သူနာပြုပါရဂူဘွဲ့ (၁)ဦး၊

သူနာပြုမဟာသိပ္ပံဘွဲ့(၄)ဦး၊ အထူးပြုသူနာပြုဒီပလိုမာ(၁၃)ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၄၀)ဦး အပါအဝင် စုစုပေါင်း (၅၂၇)ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်ပေးအပ်ပြီး၊

ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းသည်။

https://www.moi.gov.mm/