ဒုတိယနှစ်သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)(၁/၂၀၁၉)
Semester 2 End Exam ပုံမှန်စာမေးပွဲအောင်စာရင်း

 
 

သူနာပြုမဟာသိပ္ပံဘွဲ့လွန်သင်တန်းများသို့ တက်ရောက်ခွင့်ရရှိသူများစာရင်း

 

ပထမနှစ်သင်တန်း (G-1) သို့တက်ရောက်မည့်
မောင်မယ်သစ်လွင်များအတွက် ကျောင်းသားရေးရာဌာန၊ ငွေစာရင်းဌာန၊ စာအုပ်စာတမ်းကြေးသွင်းရမည့် သက်ဆိုင်ရာဌာနများ၊
စာသင်ကြားရမည့် ငုရွှေဝါစာသင်ဆောင်များကို ရှာရလွယ်ကူစေရန် မြေပုံအကြမ်း....

အရှေ့အရပ် - ၆၂ လမ်း
အနောက်အရပ် - ၆၃ လမ်း
တောင်အရပ် - စံပယ်လမ်း
မြောက်အရပ် - သရဖီလမ်း

မှတ်ချက် - G-1 သို့တက်ရောက်မည့်သူများအတွက်သာ သီးသန့်ဆွဲထားပေးခြင်းဖြစ်ပါသည်... တစ်ချို့ဌာနများ မြေပုံတွင်မပါဝင်ပါ....

ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (၁၂/၂၀၁၉) သင်တန်းသို့ တက်ရောက်ကြမည့် မောင်မယ်သစ်လွင်များ သိရှိလိုက်နာကြရန် ~

ကျောင်းစတင်လက်ခံမည့်ရက် - (၁.၁၁.၂၀၁၉)ရက်နေ့မှ (၂၉.၁၁.၂၀၁၉)ရက်နေ့အထိ

***(၂၉.၁၁.၂၀၁၉)ရက်နေ့အထိ သတင်းပို့ခြင်း မရှိသူများသည်
ဝင်ခွင့်စာရင်းမှ ပယ်ဖျက်ခြင်းခံရမည်။***

သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - (၂.၁၂.၂၀၁၉)ရက်နေ့

သတင်းပို့ရာတွင် လိုအပ်ချက်များ ~

- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် ၊
အမှတ်စာရင်းနှင့် မှတ်ပုံတင်(မူရင်း) ၊
မိဘမှတ်ပုံတင်( မိတ္တူ )
တို့ကို မပျက်မကွက် တင်ပြရမည်။

- သူနာပြုဝတ်စုံနှင့်ရိုက်ထားသော ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံ (၆)ပုံ

မှတ်ချက်။ ။ သူနာပြုဝတ်စုံနှင့် ရိုက်ထားသောဓာတ်ပုံမရှိသေးပါက ကျောင်းအပ်နှံပြီးမှ ပေးနိုင်ပါသည်။

- သင်တန်း မတက်ရောက်နိုင်ပါကလည်း ပြန်လည် အကြောင်း ကြားပေးကြရန် လိုအပ်ပါသည်။