သူနာပြုဌာနများမှ သင်ကြားရေးဆရာ၊ ဆရာမများအနေဖြင့် တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ ကျောင်းအုပ်ကြီး (ဒု-ညွှန်ကြားရေးမှူး)၊ ကျောင်းအုပ်ကြီး (လက်ထောက်ညွှန်ကြားရေးမှူး)၊ ကျောင်းအုပ်/နည်းပြအရာရှိ၊ နည်းပြရာထူးတိုးများနှင့် ရာထူးတူဘေးတိုက်ပြောင်းရွှေ့ခြင်းများခေါ်ယူနေပြီဖြစ်ပါကြောင်း၊ ကျန်ရာထူးများအတွက် လက်ရှိရာထူးတွင်လုပ်သက်အနည်းဆုံး (၃)နှစ်၊ ကျောင်းအုပ်ကြီး (ဒု-ညွှန်မှူး)ရာထူးအတွက် ကျောင်းအုပ်ကြီး(လက်ညွှန်)လုပ်သက်(၃)နှစ်နှင့် နည်းပြရာထူးအတွက် ဒု-နည်းပြလုပ်သက် (၂)နှစ်၊ လက်ထောက်ကထိက၊ ကထိကရာထူးများအတွက် MNSc ဘွဲ့ရများလျှောက်ထားနိုင်ပါကြောင်း၊ နည်းပြရာထူးအတွက် ၂၁.၄.၂၀၂၁ ရက်နေ့နှင့် ကျန်ရာထူးများအတွက် ၁၂.၃.၂၀၂၁ ရက်နေ့တွင် လျှောက်လွှာများပိတ်မည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များကို စီမံဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
